အမိန့်ရအပေါင်ဆိုင်များတွင် ယခင်က ရွှေအတိုးနှုန်း (နှစ်) ရာခိုင်နှုန်းသာရှိရာမှ (သုံး) ရာခိုင်နှုန်းသို့မြင့်တက်လာပြီး ရွှေပြန်မရွေးနိုင်သူ များလာ

အမိန့်ရအပေါင်ဆိုင်များတွင် ယခင်က ရွှေအတိုးနှုန်း (နှစ်) ရာခိုင်နှုန်းသာရှိရာမှ (သုံး) ရာခိုင်နှုန်းသို့ မြင့်တက်လာပြီး ရွှေပြန် မရွေးနိုင်သူများလာကြောင်း အမိန့်ရအပေါင် ဆိုင်အချို့ထံမှ သိရသည်။ “ဒီလကတည်းက သတ်မှတ်လိုက်တာ။ အရင်ကတော့ နှစ်ကျပ်တိုးပဲယူတာ။ အခုက တခြားကုန်စျေးနှုန်းတွေကလည်း တက်လာ

Read more

သြဂုတ် ၂၃ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၃၇၀၀၀ ဝန်းကျင်သတ်မှတ်သော်လည်း ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၆၈၀၀၀၀ ဝန်းကျင်ရှိနေ

၂၀၂၂ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၃၇၀၀၀ ဝန်းကျင်သတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၂၆၈၀၀၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ သြဂုတ် ၁၂ ရက်တွင်

Read more

နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်

၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ဗဟိုဘဏ်စျေးနှုန်းနိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင်တစ်ဒေါ်လာ ၂၈၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့်

Read more

စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် အစပ်တွင် ဆင်နှင့်ဆင်ပိုင်ရှင်တို့ မိုင်းနင်းမိပြီး သေဆုံး

စစ်ကိုင်းနှင့်ကချင်ပြည်နယ် အစပ်တွင် မိုင်းနင်းမိခြင်းကြောင့်ဆင်နှင့်ဆင်ပိုင်ရှင် တို့ သေဆုံးခဲ့ကြောင်း သေဆုံးသူများနှင့် နီးစပ် သူများကဆိုသည်။ သြဂုတ် ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မံစိမ်းကျေးရွာမှ အင်းတော်ကြီးဒေသသို့အပြန် တောလမ်းတစ်နေရာတွင် မိုင်းနင်းပြီး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းသေဆုံးသူနှင့် နီးစပ်သူများက

Read more

မြန်မာနိုင်ငံရှိ ပြင်သစ်သံရုံး ကောင်စစ်ဌာနတွင် ဗီဇာလျှောက်ထားမှု မကြုံဖူးအောင် များပြားလာနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံရှိ ပြင်သစ်သံရုံး ကောင်စစ် ဌာနတွင် ဗီဇာလျှောက်ထားမှု မကြုံဖူးအောင် များပြားလာနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။ ပြင်သစ်သံရုံး ကောင်စစ်ဌာနတွင် ဗီဇာ လျှောက်ထားမှုများကို မကြုံစဖူးများပြားလာ နေသည်ကို ကြုံတွေ့နေရကြောင်း၊ ယင်း ကြောင့်ကာလတိုနှင့် ကာလရှည်

Read more

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့ရာ၌ အခက်အခဲများစွာကြုံတွေ့နေရပြီး သရက်ကားအစီးရေ အနည်းငယ်သာတင်ပို့နိုင်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သရက် သီး တင်ပို့ရာ၌ အခက်အခဲများစွာကြုံတွေ့ နေရပြီး သရက်ကားအစီးရေ အနည်းငယ်သာ တင်ပို့နိုင်ကြကြောင်း သရက်ကုန်သည်များ ထံက သိရသည်။ ယခုနှစ်မှာ သရက်သီးအထွက်နှုန်း၅ဝရာခိုင်နှုန်းခန့်သာထွက်ရှိပြီးတရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကားအစီးရေအနည်းငယ်သာ တင်ပို့ရောင်းချနိုင်ကြောင်း သရက်တောင် သူ/ကုန်သည်တစ်ဦးက ပြောကြားသည်။

Read more

အမေရိကန်နှင့် ဂျာမနီက ယူကရိန်းကို ဒေါ်လာသန်းချီတန်ဖိုးရှိသည့် စစ်ရေးအကူအညီများ ထောက်ပံ့မည်ဟုကြေညာ

အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့က ယူကရိန်းကို ဒေါ်လာသန်းချီတန်ဖိုးရှိသည့် စစ်ရေးအကူအညီများ ထောက်ပံ့ပေးသွားမည်ဟု သြဂုတ် ၂၃ ရက်က ကြေညာခဲ့သည်။ ယူကရိန်းတွင် လွပ်လပ်ရေးနေ့အထိမ်းအမှတ်ပြုလုပ်နေချိန်တွင် အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိသည့် စစ်ရေးအကူအညီသစ် ထောက်ပံ့ပေးသွားမည်ဟု အမေရိကန်အရာရှိတစ်ဦးက

Read more