စောယှားဝေါ်မင်း (တစ်သီးပုဂ္ဂလ)

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၊ မဲဆန္ဒနယ် အမှတ်(၁)၊ ကြာအင်းဆိပ်ကြီးမြို့နယ်

ကိုယ်ရေးအကျဥ်း

အမည် ။ ။ စောယှားဝေါ်မင်း။

မွေးဖွားသောခုနှစ် ။ ။ AD ၁၉၇၄ စက်တင်ဘာလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့။

မိဘနှစ်ပါး ။ ။ ကျောင်းဆရာကြီး မန်းငြိမ်းဖေ (BSc Mathematics, B. Ed.)၊ ကျောင်းဆရာမကြီး နန်းခင်ညွှန့် (High School Level)။

မွေးဖွားရာဇာတိ ။ ။ ခလယ်တံခွန်တိုင်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ်။

မွေးချင်းမောင်နှမ ။ ။ (၁) နန်းယဥ်ယဥ်လင်း (B.A. Geography)၊ (၂) နန်းဌေးဌေးမင်းဇင် (B.A. Geography)၊ (၃) နန်းနီနီဇင် (B.A. Myanmar)၊ (၄) စောလင်းဘိုဘို (B.A. Myanmar, A.G.T.I. Civil)၊ (၅) စောယှားဝေါ်မင်း (B.A. Myanmar)။

ပညာသင်ကြားရာဌာန ။ ။ အ.မ.က/အ.လ.က/အ.ထ.က၊ ခလယ်တံခွန်တိုင်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ်။

အဆင့်မြင်ပညာ ။ ။ ဘားအံတက္ကသိုလ် (B.A. Myanmar, 2003-2004)။

ရည်ရွယ်ချက် ။ ။ ပြည်သူ့နိုင်ငံရေးသည် အမျိုးသားနိုင်ငံရေးအဖြစ် မျှော်မှန်းသည်။

ပြည်သူသို့ပန်ကြားချက် ။ ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အကျွန်ုပ်သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်၊ အမှတ်(၁) တွင်ဝင်ရောက် ယှဥ်ပြိုင်ပါမည်။ ယနေ့ ပြည်သူတို့၏ ခံစားတွေ့ကြုံနေရသော ပြည်သူ့ဘဝခက်ခဲမှုအားလုံးတို့ကိုလျှော့ချပြီး လူမှုဘဝမြှင့်တင်စေနိုင်ရန်အတွက် အကျွန်ုပ်သည်ပြည်သူသို့ ကတိသစ္စာပေး၍ ဤနိုင်ငံရေးကိုကိုယ်ကျိုးစွန့်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။

မှတ်ချက် ။ ။ ဦးစောယှားဝေါ်မင်း၏ ဖေ့စ်ဘွက်စာမျက်နှာမှ ကူးယူဖော်ပြသည်။ ဦးစောယှားဝေါ်မင်၏ ဖေ့စ်ဘွက်စာမျက်နှာအား အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်သည်။