ဦးထက်သူအောင် (ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ)
“၂၀၂၀ ရဲ့နိုင်ငံရေးအဖြေကိုအကျွန်ုပ်နှင့်ကြည်ဖြူစွာလက်တွဲနိုင်ပါပြီ” ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးထက်သူအောင်မှ ၂၀၂၀ စက်တင်ဘာလ ၅ရက်နေ့၌ သူ၏ ဖေ့စ်ဘွက် စာမျက်နှာတွင်ကြေညာခဲ့သည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
(အမုန်းမစွက်၊ ကြမ်းမဖက်၊ သက်သက်အနုနည်း။
အဝိဟိံသာ၊ စိတ်မွေးပါ၊ လိုရာကိစ္စပြီး။)
မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်လောင်း

ကိုယ်ရေးအကျဥ်း
- ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ရက်နေ့မော်လမြိုင်မြို့တွင်ဖွားမြင်သည်။
- ၂၀၀၃ ခုနှစ်၊ အခြေခံပညာအထက်တန်းကျောင်းကို အ.ထ.က(၂) ကမာရွတ်၌ အောင်မြင်ပြီး ဒဂုံတက္ကသိုလ် (International Relationship) (IR) (နိုင်ငံတကာဆက်ဆံရေး) ၂၀၀၆ ခုနှစ်တွင် ပြီးစီးသည်။
နိုင်ငံရေးမျှော်မှန်းချက်
(က) မြန်မာ့နိုင်ငံရေးကို ဒီမိုကရေစီ နိုင်ငံရေးစနစ်ဖြင့် တည်ဆောက်မည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံရေးစနစ်တည်ဆောက်မည်။
(ဂ) ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်။
(ဃ) ကမ္ဘာ့အလယ်၌
(၁) လူအချင်းအချင်းမညှင်းဆဲရေး
(၂) အကြမ်းမဖက်ရေး
(၃) ကျွန်မပြုရေး
(၄) ကိုယ်ချင်းစာရေးအတွက် အားထုတ်ဆောင်ရွက်မည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
ဦးထက်သူအောင်
မှတ်ချက် ။ ။ ဦးထက်သူအောင်၏ ဖေ့စ်ဘွက်စာမျက်နှာမှ ကူးယူဖော်ပြသည်။ ဦးထက်သူအောင်၏ ဖေ့စ်ဘွက်စာမျက်နှာအား အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်သည်။