ဆရာတော်ဘုရား စကားစုများ

နံနက်ခင်းသြဝါဒ14/06/2020။ နံနက်ခင်းဩဝါဒကထာ(စကား) ။~~~~~~~။ ရခဲ့တဲ့ဘဝကို အပြစ်မဆိုပါနှင့်။။ ရလာသည့်အတိုင်း နေထိုင်တတ်ပါစေ။။ ရှုပ်ထွေးသည့်လူမှုရေးကိစ္စများကို သတိပြုပါ။။ ရေရှည်ခံနိုင်သည့် စိတ်ဓာတ်နှင့်နေပါ။။ ရောရောနှောနှော မနေစေပါနှင့်။။ မြတ်သောစိတ်ဓာတ်ကို မြတ်နိုးပါ။။ မမြတ်နိုးခဲ့သည့်အရာရာတိုင်းကို ကိုးကွယ်မနေပါနှင့်။။ မဖြူစင်သည့်တစ်ခဏအတွက်နှင့် မနစ်မွန်းစေပါနှင့်။။ ဖြူစင်ရိုးသားမှု အမြဲရှိနေပါစေ။။ မလိုလောဘစိတ်ထားမျိုး အမြဲမရှိစေပါနှင့်။။ သူတော်ကောင်းဥစ္စာစိတ်နှင့် မြတ်နိုးတတ်သူဖြစ်ပါစေ။ တောင်ကလေးဆရာတော်(၁၄.၆.၂၀၂၀) ရက်နေ့နံနက်။


အလှူရှင် အလိုရှိသည်13/06/2020။ အလှူရှင်အလိုရှိပါသည် ။~~~~~~။ ကာလတစ်ခုတုန်းက တည်ရှိခဲ့သော ဤစေတီတော်မြတ်သည် မှုန်ဝါးဝါးအလင်းရောင်အဖြစ်တည်ရှိခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့သည်။ ဤသည့်နောက်ပိုင်းတွင် ဤသို့စည်ကားသိုက်မြိုက်စွာရှိလာရာမှ စေတီရင်ပြင်ပေါ်တွင် ပေါက်ရောက်ခဲ့သည့် သမိုင်းဝင် ထန်းပင်သည် သဘာဝဘေးဒဏ်ကြောင့် ဤကဲ့သို့ဖြစ်နေခဲ့သည်။ ထို့ကြောင့် ” ထန်းပင်လှူဒါန်းရန်” သတင်းပေးရခြင်းဖြစ်ပါသည်။ ။ လှူဒါန်းစိုက်ထားနိုင်သည့် နေရာမှာ ဤမြင်တွေ့ရသည့်နေရာတွင်ဖြစ်သည်။ တိုက်တွန်းခြင်းပြုသူ~~~~~~တောင်ကလေးဆရာတော်(၁၀.၆.၂၀၂၀) ရက်နေ့နံနက်။


မြရတနာရေကန်တော်09/06/2020မြရတနာ ရေကန်တူးဖော်ခြင်း~~~~~~~~ မိမိသဘောကို ဆောင်နိုင်သော(မိမိသဘောအတိုင်း ထင်ရှားသော)အရာကို ” ဓာတု= ဓာတ်” ဟု ခေါ်၏။ ပထဝီ = မြေဓာတ်၊အာပေါ = ရေဓာတ်၊တေဇော = အငွေ့ဓာတ်(မီးဓာတ်)၊ဝါယော = လေဓာတ် ဟုဓာတ်ကြီးလေးပါးရှိရာတွင်လေးပါးစလုံးညီညွတ်မျှတမှသာသက်ရှိရော သက်မဲ့ပါရှည်ကြာစွာတည်တံ့နိုင်ရာ၏။ ယခုနှစ်နွေရာသီတွင်မိမိတို့ဒေသ(ကရင်ပြည်နယ်မှာ)ရေအရင်းအမြစ် အတော်နည်းပါးလာခဲ့သည်။ရပ်ရွာအတော်များများရှိမြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်တွေအတော်များများ ခမ်းခြောက်၍ရေအခက်အခဲများဖြစ်နေကြကြောင်းအင်တာနက်စာမျက်ပေါ်တွင်လေ့လာဖတ်ရှုရပါသည်။ နောင်လာမည့်နှစ်များတွင်ဒီထက်ပို၍သာ အခြေအနေဆိုးရွားလာဖွယ်ရှိ၏။အဘယ်ကြောင့်ဆိုသော်ကရင်ပြည်နယ်သည်သစ်ပင်၊ သစ်တောများ၊ ထုံးကျောက်တောင်များတစ်နှစ်ထက်တစ်နှစ်ပို၍ပြုန်းတီးမှုများလာသောကြောင့်ပင်။ ရေအခက်အခဲကိုတစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေရန့်(ဖြေရှင်းပေးနိုင်ရန်)တောင်ကလေးဆရာတော်၏သြဝါဒကိုဦးထိပ်ပန်ဆင်ကာအလျားပေ ၄၀၀၊ အကျယ်ပေ ၁၀၀၊ အနက်ပေ ၃၀ ရှိမြရတနာရေကန်တော်ကြီးကိုတူးဖော်ခဲ့ရာတွင်ယနေ့ ( 30 – 5 – 2020 ) မှာဆိုရက်ပေါင်း ၆၀ ပြည့်၍ရေကန်တော်ကြီးလည်း […]


လူ့ဘဝမှာ ခက်ခဲပင်ပန်းပါစေ။ စိတ်ကူးမပျက်ဖို့ အရေးကြီးပါတယ်။08/06/2020စိတ်လူ့ဘဝမှာ ခက်ခဲပင်ပန်းပါစေ။ စိတ်ကူးမပျက်ဖို့ အရေးကြီးပါတယ်။ စိတ်ကူးစိတ်သန်းပျက်ရင် လူဟာအလိုလိုနဲ့အားငယ်သွားတတ်ပါတယ်။ လူဟာ အသိအားကောင်းရမယ်။ အသိဉာဏ်အဆင့်အတန်းမြင့်မားအောင်လည်း အကျင့်စရိုက်တွေကောင်းရမယ်။ အကျင့်စာရိတ္တမကောင်းရင် လူဘဝမှာ လူလာဖြစ်လည်း အကျိုးမများပါဘူး။ အကျိုးမဲ့တဲ့လူဟာ လောကအတွက်လေးလံစရာပါပဲ။ လောကကြီးကို ကိုယ်ဘာပေးမလဲ အမြဲတမ်းစိန်ကူးရှိရင် လောကိုမနာအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါ။ လောကကြီးသာယာလှပနေမှ လူသားအားလုံး အေးချမ်းသာယာနေမယ်။ ကြိုးစားအားထုတ်ကြပါစို့။


။ မေလပြီးရင် ။~~24/05/2020အတန်းပညာကိုသင်ခဲ့ဖူးကြတဲ့သူတွေမှတ်မိကြမယ်။ မေလပြီးရင် …….?။ ဧပြီလကုန်ခါနီးမှာ စိန်ပန်းနီနီ၊ ငုပန်းဝါဝါ၊ပိတောက်ဝါရွှေ ကောင်းကင်သစ်သစ်မြင်ရတဲ့အချိန်ပါပဲ။ ဒီအချိန်မှာ ငယ်ငယ်ကလေးက ကျောင်းနေဘက်သူငယ်ချင်းတွေကို အထူးကိုသတိရမိပါလေရဲ့။။ မေလရက်တွေမှာ ပျော်စရာကောင်းသောလအဖြစ်မျိုးနဲ့ဘုရားဖူးသွားတာ၊ အလည်သွားကြတာပေါ့။ ကျောင်းလည်းပိတ်ထားတော့ ရပ်ဝေးသူငယ်ချင်းများနေတဲ့ရွာတွေကို လည်လည်သွားကြလို့ ပျော်စရာကြီးပါပဲ။ သရက်သီးခူး၊ ကနစိုးသီးခူး၊ သစ်တိုသီး၊ မရမ်းသီးများ ပင်လုံးကျွတ်မှည့်ကြလို့ ခူးစားနေကြတဲ့အရသာကို မမေ့မမေ့နိုင်တော့ဘူးလေ။။ သင်္ကြန်အပြီးဆိုပေမယ့် သင်္ကြန်နှုတ်ဆက်တဲ့ပိတောက်ပန်းတွေလည်း တစ်ပင်လုံးဝါဝါဝင်းရွှေပါပဲ။ သင်းပျံ့ပျံ့မွှေးနေသည်ဆိုတဲ့အတိုင်း ပန်းပိတောက်တွေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း သတိရပေါ့။ လှည့်လည်ကြည့်ရှုခဲ့တဲ့ ဘုရားပွဲတော်တွေလည်း သတိရမှရနေပါပဲ။။ ဇွန်လ(၁)ရက်ဆိုရင် တစ်နိုင်ငံလုံးမှာကျောင်းဖွင့်ပြီးလေ။ ကျောင်းမဖွင့်မီ လည်ရတဲ့ရက်တွေကို သတိတရဖြစ်မိတာက သင်္ကြန်ဘုရားပွဲပဲ။ ညိုရယ်၊ မြရယ်၊ သူရယ်ဆိုပြီး သူတို့ကို အထူးတလည်သတိရအောက်မေ့မိပါလေရဲ့။ သူတို့ဆီကို လှမ်းစာရေးရင် ” ဟေ့ […]