၂၀၂၂ ခုနှစ် လေးလအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၁,၉၀၀,၅၇၄ ကောက်ခံရရှိခဲ့ပြီး မတ်လတွင် ကျပ်သန်းပေါင်း ၇၀၉,၂၀၈ ဖြင့် အများဆုံးဖြစ်

၂၀၂၂ ခုနှစ် လေးလအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၁,၉၀၀,၅၇၄ ကောက်ခံရရှိခဲ့ပြီး မတ်လတွင် ကျပ်သန်းပေါင်း ၇၀၉,၂၀၈ ဖြင့် အများဆုံး ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ၏(ယာယီ)ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အခွန်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၄၇,၅၉၂ သန်း၊ ကုန်သွယ်လုပ်ငန်း ခွန် ၉၈,၈၆၇ သန်း၊ဝင်ငွေခွန် ကျပ်၂၅၇,၉၀၂ သန်း၊တံဆိပ်ခေါင်းခွန် ၉,၉၃၁ သန်း၊ အောင်ဘာလေသိန်းဆုခွန်၂,၃၇၄ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း အခွန်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၉၄,၆၅၇ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၁၆၁,၃၈၈ သန်း၊ ဝင်ငွေခွန် ကျပ် ၁၀၄,၅၈၄ သန်း၊ တံဆိပ်ခေါင်းခွန် ၇,၇၀၉ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၇၆၈ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန် စည်ခွန် ကျပ် ၁၄၃၆၉၅ သန်း၊ ကုန်သွယ်လုပ် ငန်းခွန် ကျပ် ၂၁၆၉၁၄ သန်း၊ ဝင်ငွေခွန်ကျပ် ၃၂၈၁၄၆ သန်း၊ တံဆိပ်ခေါင်းခွန် ၁၃၄၁၃ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၂၂၁၈ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း အခွန်အ ရပ်ရပ်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၄၉,၀၅၀ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၁၀၃၂၆သန်း၊ ဝင်ငွေခွန်ကျပ် ၂၃၃,၄၇၂ သန်း၊ တံဆိပ်ခေါင်းခွန် ၁၀,၂၃၂ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၈၄ဝသန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၂,၉၃၁,၂၆၉ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏(ယာယီ) ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ခြောက်လအတွင်း အထူးကုန်စည်ခွန် ကျပ် ၅၇၃,၈၅၈ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၉၃၆,၂၉၂ သန်း၊ ဝင်ငွေခွန်ကျပ်သန်း ၁,၃၄၉,၆၂၄၊ တံဆိပ်ခေါင်းခွန် ၅၃,၁၃၀ သန်း၊ အောင်ဘာလေသိန်းဆုခွန်ကျပ်သန်း ၁၁,၃၄၇ စသည်ဖြင့် အခွန်အရပ်ရပ်စုစုပေါင်း ကျပ်သန်း ၂,၉၃၁,၂၆၉ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ၄,၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (IRD) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏အခွန် ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁,၆၉၁,၄၂၉ ဒသမ ၇၆၆ သန်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃,၃၇၃,၂၉၆ ဒသမ ၇၆၁ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄,၄၅၈,၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆,၅၁၇,၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆,၃၁၄,၇၃၃ ဒသမ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် တွင် ၇,၁၂၂,၄၃၀ ဒသမ ၂၂၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇,၄၂၃,၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃,၄၂၄,၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈,၃၆၀,၃၀၃ ဒသမ ၅၆၈ သန်း ရရှိခဲ့သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၃,၃၇၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။