မြန်မာနိုင်ငံရှိ ပြင်သစ်သံရုံး ကောင်စစ်ဌာနတွင် ဗီဇာလျှောက်ထားမှု မကြုံဖူးအောင် များပြားလာနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံရှိ ပြင်သစ်သံရုံး ကောင်စစ် ဌာနတွင် ဗီဇာလျှောက်ထားမှု မကြုံဖူးအောင် များပြားလာနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ပြင်သစ်သံရုံး ကောင်စစ်ဌာနတွင် ဗီဇာ လျှောက်ထားမှုများကို မကြုံစဖူးများပြားလာ နေသည်ကို ကြုံတွေ့နေရကြောင်း၊ ယင်း ကြောင့်ကာလတိုနှင့် ကာလရှည် နေထိုင်ခွင့် ဗီဇာလျောက်ထားရာတွင် ရက်ချိန်းဆိုမှုများ နှင့် ဗီဇာထုတ်ပေးနိုင်မှုများအတွက် သတ်မှတ် ရက်များထက် အချိန်ပိုမိုလိုအပ်လျက်ရှိပါ သည်ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ယင်းကြောင့် ပြင်သစ်တွင် နေထိုင်မည့် နေ့ရက်ကာလများကို ကြိုတင်တွက်ချက်ပြီး ဗီဇာလျှောက်လွှာကို တတ်နိုင်သမျှ ဆောလျင် စွာ အမြန်ဆုံးလျောက်ထားကြပါရန် တိုက်တွန်းအပ်ကြောင်း၊ ဗီဇာလျှောက်ထားသူ အချို့သည် ၎င်းင်းတို့၏ ရက်ချိန်းများကို ပယ် ဖျက် ခြင်း သို့မဟုတ် နေ့ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခြင်းကြောင့် ရက်ချိန်းပြက္ခဒိန်ဇယား တွင် ရက်ချိန်းအသစ်များတောင်းဆိုရန် ဖြစ် နိုင်ဖွယ်ရှိ/မရှိကိုသိရှိနိုင်ရန် ရက်ချိန်းပြက္ခဒိန် ဇယားကို မကြာခဏပုံမှန် ကြည့်ရှုစစ်ဆေးကြ ပါရန်ကိုလည်း အကြံပြုအပ်သည်ဟု ပြင်သစ် သံရုံးက ထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများ၊ ကျောင်းတက်ရန်သွားသူများမှာ များပြားလျက်ရှိပြီး ဥရောပနိုင်ငံများသို့ သွား ရောက်ခြင်းမှာ ယခင်က နည်းပါးခဲ့သော်လည်း လက်ရှိတွင် ပိုမိုများပြားလာနေသည်ကို တွေ့ ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဂျပန်နိုင်ငံမှ JLPT စာမေးပွဲ  (N 4 Level) ရန်ကုန်စာဖြေ ဌာန ‌လျှောက်လွှာဝယ်ယူသူ များပြားပြီး လူစုလူဝေးဖြစ်ပွားသဖြင့် ယင်းလျှောက်လွှာရောင်း ချခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း MAJA (မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း) က သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ် ပြန်ခဲ့ရသည်။

အဆိုပါ ဂျပန်စာ JLPT စာမေးပွဲ  (N 4 Level ) ဖြေဆိုပြီးအောင်မြင်ပါက ဂျပန်နိုင်ငံ တွင် ပညာသင်သွားရောက်ခြင်း၊ အလုပ်လုပ် ကိုင်ခြင်းများကို ပြုလုပ်နိုင်ကြောင်း သိရသည်။