ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် အိမ်နီးချင်းလေးနိုင်ငံမှ အထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သားများကို သြဂုတ် ၁ ရက်တွင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ပေးမည်ဟုဆို

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ် လုပ်ကိုင်လျက်ရှိသော အိမ်နီးချင်းလေးနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို သြဂုတ် ၁ ရက်မှ ၁၅ ရက်အထိ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင် လုပ်ကိုင်လျက်ရှိသော မြန်မာ၊ လာအို၊ ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ လုပ်သားများ ကို လာမည့်သြဂုတ် ၁ ရက်မှစပြီး ပန်းရောင် ဘတ်ကတ်ပြုလုပ်ပေးတော့မည်ဟု ထိုင်း DOE ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း အလုပ်သမားအရေးကူညီဆောင်ပေးနေသူ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“အလုပ်အကိုင်ရှာဖွေရေး၊ နေရာချထား ရေးဦးစီးဌာန DOE ညွှန်ကြားမှူးချုပ်က အခု ရက်ပိုင်းအတွင်းမှာပဲ သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုထားတာပါ။ ထိုင်းနိုင်ငံကို ရောက်နှင့်နေပြီးသား မြန်မာ၊ လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်နိုင်ငံတို့က တရားမဝင်ရွှေ့ ပြောင်းလုပ်သားတွေကို အထောက်အထား ပန်းရောင်ကတ်ထုတ်ပေးမယ်။ ဒီအစီအစဉ် က အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့အနှစ်၂၀ ခန့်က လုပ်ပေးခဲ့တာဆိုရင် အကြိမ်၂၀ ခန့်ရှိ ပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့လိုအပ်ချက်  စီးပွား ရေးနဲ့ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရွှေ့ပြောင်းလုပ်သားမှာ ကြီးကြီးမားမားမှီတင်း နေရတယ်။ အထောက်အကူဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတဲ့အနေနဲ့  အကျိုးဖြစ်ထွန်း အောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်” ဟု မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

အထောက်အထားမဲ့ အလုပ်သမားများ ကို အွန်လိုင်းမှတစ်ဆင့် လုပ်သားအမည်စာ ရင်း (name list တင်သွင်းခြင်းကို စတင် လက်ခံဖွယ်ရှိပြီး ၁၅ ရက်ကြာလက်ခံသွား မည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန် ကြားရေးမှူးချုပ် ဖိုင်ရို့ချိုတစ်စထီးယန်းက ပြော ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လုပ်သားအမည်စာရင်း တင်သွင်းပြီး နောက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်  work permit လျှောက်ထားရန်အတွက် တားမြစ် ရောဂါခြောက်မျိုးစစ်ဆေးခြင်း၊ ကျန်းမာရေး အာမခံဝယ်ယူခြင်း၊ လူမှုဖူလုံရေးအာမခံ (ပရကန်စန်းခွမ်) ပြုလုပ်ခြင်း စသည့်လုပ်ငန်းစဉ် များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရ သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၃ ရက် ၂၀၂၃ ခုနှစ်အတွင်း ဇီဝလက္ခဏာကောက်ယူခြင်း (လက်ဗွေစကန်ဖတ်၊ မျက်လုံးစကန်ဖတ်)နှင့်  ပန်းရောင်ဘတ်ကတ်ထုတ်ယူခြင်းလုပ်ငန်းစဉ်များကို အပြီးဆောင်ရွက်ရမည်ဟု အဆိုပါ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။