ဓာတ်အားစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြို့အများအပြားတွင် လျှပ်စစ် ဓာတ်အားပြတ်တောက်

ဇူလိုင် ၂၄ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ဓာတ်အားစနစ်ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင်  မြို့အများအပြားတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။

”ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ. (၂၄.၇.၂၀၂၂)ရက်နေ. (၂၃:၂၀)နာရီ အချိန်ခန့်တွင်  ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို.နယ်များအတွင်း  ယာယီ ဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး  အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း  မိဘပြည်သူများထံသို့လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက Facebook လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှာ ရန်ကုန်၊ မန္တလေး၊ပဲခူး၊ ရှမ်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အများစုရှိ မြို့ အများပြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။