ရောဂါပိုးမတွေ့သူ ခြောက်ဦးထပ်တိုး၊ ကျန်းမာလာသူ ၃၇ ဦး ရှိလာ

COVID-19 ရောဂါပိုးတွေ့လူနာအမှတ် (၅၃၊၇၀၊ ၇၁၊ ၇၃၊၇၅ နှင့် ၈၅) တို့ ခြောက်ဦးသည် နှစ်ကြိမ်ဆက်တိုက် ဓာတ်ခွဲနမူနာများတွင် ပိုးမတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ယမန်နေ့ည ၈ နာရီတွင် ထုတ်ပြန်သည်။

မေလ ၂ ရက် ည ၈ နာရီအ ထိ COVID-19 ရောဂါအတည်ပြုလူနာ ၁၅၁ ဦးအနက် ၃၇ ဦးမှာ ရောဂါပိုးကင်းစင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(၃၁)နှစ်အရွယ် အမျိုးသားလူနာအမှတ် (၅၃)သည် မကွေးတိုင်းဒေသကြီးမှဖြစ်ကာ ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦးဖြစ်ပြီး မကွေးဆေးရုံ၌ စောင့်ကြည့်သူ အဖြစ်သတ်မှတ်၍ ၎င်းထံမှ ဓာတ်ခွဲနမူနာရယူပြီးနောက် ဧပြီ ၁၄ ရက်တွင် COVID-19 ရော ဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။

လူနာအမှတ်(၇၀)သည် (၃၁)နှစ်အရွယ်အမျိုးသား ဖြစ် ကာ မရမ်းကုန်းမြို့နယ်မှဖြစ် သည်။၎င်းသည် Super Spreader (ကိုယ်တိုင်ရောဂါပိုးကူးစက်ခံ ရပြီးအခြားသူများသို့ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အလွန်အား ကောင်းသူ)အဖြစ် သတ်မှတ် ထားသည့် လူနာအမှတ် (၂၄) ထံမှ ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

နှစ်ကြိမ်ပိုးမတွေ့သူများအ နက်မှ ဗဟန်းမြို့နယ်မှ (၃၂) နှစ် အရွယ် အမျိုးသမီးဖြစ်သည့်လူနာ အမှတ်(၇၁)သည် ယခင်အတည် ပြုလူနာဖြစ်သည့် လူနာအမှတ် (၈၊ ၃၈ နှင့် ၄၀) တို့မှတစ်ဆင့်ကူး စက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။

အင်းစိန်မြို့နယ်မှ (၂၉) နှစ် အရွ ယ်အမျိုးသမီးလူနာအမှတ် (၇၃)သည် ဧပြီ ၁၅ရက်တွင် COVID-19 ရောဂါပိုးရှိကြောင်းအတည်ပြုခဲ့ပြီးနောက် ၁၇ ရက် အကြာတွင် ၎င်းထံမှ နှစ်ကြိမ် ဓာတ်ခွဲနမူနာယူ၍ စစ်ဆေးရာ ပိုးမတွေ့ကြောင်း ပြသခဲ့သည်။

အဆိုပါ အမျိုးသမီးသည် အုပ်စုလိုက် ကူးစက်ခဲ့သည့်ဖြစ် စဉ်နှင့် ဆက်စပ်သူဖြစ်ပြီး လူနာ အမှတ် (၃၅ ၊ ၃၆)ထံမှ တစ်ဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က အတည်ပြုထားသည်။

အလားတူ နှစ်ကြိမ်ပိုးမတွေ့ ကြောင်း ပြသထားသည့် မြောက် ဥက္ကလာပမြို့နယ်မှ (၃၅) နှစ်အ ရွယ် လူနာအမှတ် (၇၅) သည် လည်း အုပ်စုလိုက်ကူးစက်ခဲ့သည့် ဘာသာရေးအခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူဖြစ် ပြီး ဧပြီ ၁၆ ရက်တွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့သည်။

လူနာအမှတ် (၈၅) မှာ (၇၇) နှစ်အရွယ်ရှိ အမျိုးသားဖြစ် သည်။ တောင်ဒဂုံမြို့နယ်မှ ဖြစ် ကာ ယခင် COVID-19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ ခဲ့မှုမရှိသည့်အပြင် နိုင်ငံခြားသို့ပါ သွားခဲ့သည့်ရာဇဝင်မရှိခဲ့ဘဲ အ ကြောင်းရင်းမသိ ကူးစက်ခံခဲ့ရသူ ၁၂ ဦးအနက် တစ်ဦးဖြစ်သည်။

သို့သော် COVID-19 ရော ဂါပိုးရှိကြောင်း အတည်ပြုပြီး နှစ် ပတ်အကြာတွင် ၎င်းထံမှ ဓာတ် ခွဲနမှုနာ နှစ်ကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့တော့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ရောဂါကင်းစင်လာသူအ ဖြစ်သတ်မှတ်ခဲ့သည့် COVID- 19 အတည်ပြုလူနာဟောင်း ၃၇ ဦးအနက် ၂၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး သတ်မှတ်နေ ရာများတွင် အသွားအလာကန့် သတ်ထားဆဲဖြစ်သည်။

မေလ ၂ ရက်တွင် အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ ဓာတ်ခွဲနမူနာ ၁၈၆ ခုနှင့် ဆေး သုတေသနဦးစီးဌာနမှ စစ် ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၅၈ ခုတွင် လူနာသစ်မတွေ့ရှိ ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနက ထုတ်ပြန် သည်။