မြဝတီမြို့နှင့် ကော့ကရိတ်မြို့တံတားကျိုးစစ်ဆေးရေးဂိတ်တွင် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ

ကော့ကရိတ်တံတားကျိုးစစ်ဆေးရေးဂိတ်နှင့် မြဝတီမြို့အမှတ်(၂) ချစ်ကြည်ရေး တံတားလမ်းမတို့တွင်  သြဂုတ် ၂၀ ရက်က ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တံတားကျိုးစစ်ဆေးရေးဂိတ်တွင် သြ ဂုတ် ၂၁ ရက် နံနက်  ၁၁ နာရီခွဲခန့်က  မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော် တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မြဝ တီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ကိုမောင် မောင်းနှင်ပြီး ကျော်ဇင်အောင်နှင့် ရဲဝင်းပိုင် (ခ)ရဲကြီးတို့ လိုက်ပါလာသည့် ခရီးသည်တင် ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ထိန်းချုပ်ဓာတု ပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၀၀၀ ကီလို (ဒေသကာလပေါက်စျေး ကျပ် ၁၂ သိန်း) နှင့် လက်ကိုင်ဖုန်းနှစ်လုံးကို တွေ့ ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများ စစ်ဆေး ဖော်ထုတ်ချက်အရ ဆက်စပ်ပြီး မွန်းတည့် ၁၂ နာရီခွဲတွင် မြဝတီမြို့ အမှတ် (၂) ချစ်ကြည် ရေးတံတားလမ်းတွင် ကျော်မျိုးမင်း (ခ) ဖိုး ကျော် (ခ) ကျော်ကြီး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေ ရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာ လာအိတ်များအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်အလေးချိန် ၂၀၀၀ ကီ လို (ဒေသကာလပေါက်စျေး ကျပ် ၂၄ သိန်း)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုမောင်၊ ကျော် ဇင်အောင်၊ ရဲဝင်းပိုင် (ခ) ရဲကြီးနှင့် ကျော်မျိုး မင်း (ခ) ဖိုးကျော် (ခ) ကျော်ကြီးတို့ကို သက် ဆိုင်ရာရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။